ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီး၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၊ အခြေခံပညာဦးစီးဌာနတို့နှင့်ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းအခမ်းအနားကို ၂၀၂၄ခုနှစ်၊ဇန်နဝါရီလ၂၄ရက်နေ့က ပုသိမ်မြို့၊ အ.ထ.က (၅)၊ ပင်လုံခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပုသိမ်မြို့၊ အ.ထ.က(၅) ကျောင်းအုပ်ဆရာမကြီး ဒေါ်လေးဖြူက အဖွင့်အမှာစကားပြောကြားပြီး ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား ခဲ့ပါသည်။
ဆက်လက်ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံ အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အကြောင်း မိတ်ဆက်ပြောကြားပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ပါသည်။
အဲ့ဒီနောက် လူငယ်စကားဝိုင်း စတင်ရန်အတွက် ပါဝင်ဆွေးနွေးမည့် ကျောင်းသား/ကျောင်းသူ များက လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်စာပေ စသည့်အကြောင်းအရာများအား ဆွေးနွေးခြင်း၊ ဖြေကြားခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။
ထို့နောက် ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများအား ဂုဏ်ပြုမှတ်တမ်း များပေးအပ်ခြင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီကပုသိမ်မြို့၊အ.ထ.က(၅)ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များပေးအပ်လှူဒါန်း၍ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။