တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် ၁/၂၀၂၄ ဖွင့်ပွဲ အခမ်းအနားကျင်းပ နေပြည်တော် ဇန်နဝါရီ ၂၅ ရက်
နေပြည်တော် 2024-01-25
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် ၁/၂၀၂၄ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ  ၂၅ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) မှ သင်တန်းသား၊ သင်တန်းသူများက  Hybrid စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အရာထမ်း စီမံခန့်ခွဲမှုသင်တန်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ အရာထမ်းများအား နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် တာဝန်ထမ်းဆောင်ရာတွင် စီမံခန့်ခွဲမှုအရည်အသွေးနှင့် လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားလာစေရန်၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ဖော်ဆောင်ရာတွင်  အထောက်အကူပြုစေရန် ရည်ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ အရာထမ်းများသည် အထက် အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့် ညွှန်ကြားချက်များကိုခံယူခြင်း၊ လက်အောက်ဝန်ထမ်း များကို ကြီးကြပ်ကွပ်ကဲခြင်းလုပ်ငန်းများ ဆောင်ရွက်ရသည့် အရေးကြီးအခန်းကဏ္ဍတွင် ပါဝင် သူများဖြစ်ရာ ရိုးသားဖြောင့်မတ်မှု၊ စွမ်းဆောင်ရည်ပြည့်ဝမှု၊ တာဝန်ယူမှု တာဝန်ခံမှုများဖြင့် လျင်မြန်သွက်လက်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ ဗဟုသုတပညာ (General Knowledge)၊ အတတ်ပညာပိုင်းဆိုင်ရာကျွမ်းကျင်မှု (Skill) နှင့် စိတ်နေစိတ်ထား (Attitude) ကောင်းမွန်ခြင်းတို့ကိုလည်း ထားရှိကျင့်ကြံရန်နှင့် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသည့် နည်းပညာများကိုလည်း စဉ်ဆက်မပြတ် သင်ယူလေ့လာ၍ လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ ကမ္ဘာ့အကြောင်း၊ မြန်မာ့ အကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများ၊ မူဝါဒဆိုင်ရာများ၊ စီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် သက်ဆိုင် သည့် သဘောတရားများကို စနစ်တကျကောင်းမွန်စွာ လေ့လာသိရှိနိုင်မည်ဖြစ်ပြီး လုပ်ငန်းခွင် တွင် ထိရောက်မှန်ကန်စွာ အသုံးချဆောင်ရွက်နိုင်ရန် အထူးလိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း များသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို မှန်ကန်သစ္စာရှိစွာ ဖော်ဆောင်ပေးရန် လိုအပ်ပြီး မိမိတို့တာဝန်ထမ်းဆောင်လျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံ့ ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆) ချက်ကို ကောင်းစွာ သိရှိနားလည်ပြီး မိမိနိုင်ငံနှင့် ဝန်ကြီးဌာနအပေါ် သစ္စာရှိစွာဖြင့် တက်တက်ကြွကြွ ကြိုးစားဆောင်ရွက်ကြရန် အထူးတိုက်တွန်းပြောကြားလို ပါကြောင်း၊ ယခုသင်တန်းကို တက်ရောက်ခြင်းဖြင့် အရည်အချင်းပြည့်ဝသော၊ တရားမျှတသော၊ ပွင့်လင်းမြင်သာသော၊ စွမ်းဆောင်ရည်ရှိသော၊ ပြည်သူ့ဘဏ္ဍာငွေ အရင်းအမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်သော၊ ပြည်သူများ၏ အကျိုးစီးပွားကို ထိရောက်ကောင်းမွန်စွာ ဝန်ဆောင်မှုကောင်းနှင့် ရလဒ်ကောင်းများပေးနိုင်သော အရာထမ်းကောင်းများဖြစ်နိုင်ရေး ရာနှုန်းပြည့် အထောက်အကူဖြစ်ပါစေကြောင်း တိုက်တွန်းပြောကြားပါသည်။ 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ယခုသင်တန်းသည် ၂၀၂၄ ခုနှစ်တွင် ပထဆုံးဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်၏ ယန္တရားလည်ပတ်ရေးအတွက် မောင်းနှင်အားပင်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်က ခေါ်ယူသောသင်တန်းများ၊ ဌာနတွင်းသင်တန်းများအားလုံးကို တက်ရောက်ခြင်းဖြင့် စွမ်းဆောင်ရည် တိုးတက်မြင့်မားလာပြီး လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ သင်ကြားပို့ချမှုများကို လေ့လာ မှတ်သားလိုက်နာပြီး မိမိတို့၏ လုပ်ငန်းခွင်တွင် လိုအပ်သလို အသုံးချဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊  ဝန်ထမ်းများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)၊  တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေ၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်း (၃၅/၂၀၁၇)နှင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေတို့ကို သိရှိလေ့လာထားရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ကမ္ဘာ့သတင်း၊ မြန်မာ့ သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးအတွက် နေ့စဉ်ထုတ်သတင်းစာများ ဖတ်ရှု ခြင်းဖြင့် ဗဟုသုတများ တိုးပွားလာမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သဖြင့် နိုင်ငံ့ ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆)ချက်ကို လေးစားလိုက်နာရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းကောင်းမှ ဌာနကောင်းမည်ဖြစ်ပြီး ဌာနကောင်းမှ နိုင်ငံကောင်းမည်ဖြစ်ပါကြောင်း၊ နိုင်ငံကောင်းလျှင် ပြည်သူလူထုတစ်ရပ်လုံး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များကို ခံစားကြရမည် ဖြစ်သဖြင့် ဂရုတစိုက်သင်ကြား လေ့လာကြစေလိုပါကြောင်း ပြောကြားပါသည်။

ယနေ့ဖွင့်လှစ်သည့်သင်တန်းသို့ သင်တန်းသား သင်တန်းသူ (၅၈) ဦး တက်ရောက်ကြပြီး သင်တန်းကာလကို ရက်သတ္တ(၂)ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Image
Image
Image
Image
Image
Image
Image