၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမင်းသူရအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်း (၂၄)ချက်တွင် ပါဝင်သော ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အဆင်မြှင့်တင်ခြင်းလုပ်ငန်းများဖြစ်သည့် ဆိပ်ခံဗော တံတားအနီး သောင်တူးခြင်းလုပ်ငန်း၊ ဝင်္ကပါပတ်လမ်းနှင့် ဝါးရုံတောလျှောက်လမ်း တည်ဆောက်ခြင်း လုပ်ငန်း၊ သန့်စင်ခန်းများနှင့် ဝန်ထမ်းအိမ်ရာပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ တို့အား ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အစည်းအဝေးခန်းမ၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ တာဝန်ခံအရာရှိ ဦးစန်းလှိုင် (ဒုတိယညွှန်ကြားရေးမှူး)မှ တိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွင်း ဝင်ငွေရရှိမှုအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မတ်လအတွင်းတွင် ဆိပ်ခံဗောတံတား အနီး သောင်တူးခြင်းလုပ်ငန်းအပါအဝင် လုပ်ငန်းများအားလုံး အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေကို ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ အလေအလွင့် မရှိအောင် သုံးစွဲကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအားလုံး ဝန်ထမ်းကျင့်ဝတ် စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာနေထိုင်ကြရမည်ဖြစ်ပါကြောင်း၊ သာကေတမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များအနေဖြင့် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)အတွင်း အခါအားလျော်စွာ ကျင်းပပြုလုပ်သည့် အခမ်းအနားနှင့် တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ် အခမ်းအနားများတွင် ပေါင်းစပ်၍ လုံခြုံရေးကိစ္စရပ်များအား လစ်ဟင်းမှုမရှိအောင် ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။