တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ဦးဇော်အေးမောင်သည်ဇန်နဝါရီလ(၂၃)ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၌ တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ တာဝန်ခံအရာရှိများနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။
ပထမဦးစွာ ဝန်ထမ်းများက တစ်ဦးချင်းမိတ်ဆက်တင်ပြခဲ့ပြီး တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့် လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည် မြင့်မားကြရန် လိုအပ်ပါ ကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျမှန်ကန်စွာ အလေအလွင့်ဆုံးရှုံးမှုမရှိစေရေးဂရုပြုသုံးစွဲရမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများ ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းဉပဒေနှင့်နည်းဉပဒေများ၊ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဌာန် (၆)ချက်နှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို အလေးထားလိုက်နာ ဆောင်ရွက်ကြရန်၊ ဝန်ကြီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း(၂၄)ချက်တွင် ပါဝင်သည့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းလုံးညီညွတ်စွာ ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က ဦးစီး(၂)ဌာန ဝန်ထမ်းများသည် စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်လုပ်ဆောင်သွားရန်နှင့် ပါတီနိုင်ငံ ရေးကင်းရှင်းရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားစာပေတစ်မျိုးမျိုးကို တတ်မြောက်ထားရန် လိုအပ်ပါကြောင်းမှာကြားခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က အရာထမ်း၊ အမှုထမ်းများ တင်ပြချက်များအပေါ် ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး နှင့် ဝန်ထမ်းအိမ်ရာအား ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါ သည်။