တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဇော်အေးမောင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအား တွေ့ဆုံ ဧရာဝတီ၊ ဇန်နဝါရီလ(၂၂)
ဧရာဝတီတိုင်းဒေသကြီး 2024-01-24
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့်အတူ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီ လ(၂၂)ရက်နေ့ နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကရင်/ရခိုင်/ချင်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများ နှင့် တိုင်းရင်းသားလူမှုရေးအသင်းများအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ပထမဦးစွာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တွေ့ဆုံအမှာစကားပြောကြားရာတွင် ဧရာဝတီ တိုင်းဒေသကြီးသည် ရေခံ၊ မြေခံကောင်းပြီး တည်ငြိမ်းအေးချမ်းသော တိုင်းဒေသကြီးဖြစ်သည့်အတွက် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားအောင် ဆောင်ရွက်နိုင်ပါကြောင်း၊ ကမ္ဘာ့ပထဝီ နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးသမိုင်း နောက်ခံအချက်အလက်များကို သိရှိထားနိုင်ရန်နှင့် သင်ခန်းစာများ ရယူနိုင်ရန် လိုအပ်ပါကြောင်း၊ လက်ရှိကမ္ဘာ့ပထဝီနိုင်ငံရေးက မြန်မာနိုင်ငံအပေါ်သက်ရောက်မှုများ၊ အဆိုပါ သက်ရောက်မှုများအပေါ် တိုင်းရင်းသားများက စည်းလုံးညီညွတ်စွာဖြင့် အမျိုးသားလုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ရှေ့ရှု၍ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်ကဆောင်ရွက်နေ သည့် ငြိမ်းချမ်းစေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးကို တိုင်းရင်းသားများအနေဖြင့် ပူးပေါင်းဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊တိုင်းရင်းသားရေးရာဝန်ကြီးကတိုင်းဒေသကြီးအတွင်းရှိတိုင်းရင်းသားစာပေသင်ကြားနေမှုများ၊ တိုင်းရင်းသားများ၏ ရိုးရာဓလေ့၊ နေ့ထူးနေ့မြတ်အခမ်းအနား ကျင်းပဆောင်ရွက်မှုများ၊ အခွင့်အရေး ဆိုင်ရာအသိပညာပေးဟောပြောခြင်း နှင့် သက်မွေးဝမ်း ကျောင်းဆိုင်ရာ သင်တန်းများဖွင့်လှစ်ထားရှိမှု နှင့် လိုအပ်သည်များကို ရှင်းလင်း တင်ပြခဲ့ပါသည်။

ဆက်လက်၍ ကရင်/ ရခိုင်/ ချင်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများနှင့် တိုင်းရင်းသားလူမှုရေးအသင်းများ၏ ဥက္ကဋ္ဌများက အသင်း၏လုပ်ငန်းဆောင် ရွက်မှုများနှင့် လိုအပ်ချက်များကို ဆွေးနွေး တင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ဆွေးနွေးတင်ပြပေးခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက်ဒုတိယဝန်ကြီး ဦးဇော်အေးမောင်မှ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများအား တစ်ဖွဲ့လျှင် ထောက်ပံ့ငွေ (၅)သိန်းစီ အသီးသီး ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image