(၇၆) နှစ်‌မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပြခန်း ခင်းကျင်းပြသဆောင်ရွက် ဧရာဝတီ၊ ဇန်နဝါရီ ၅
ဧရာဝတီ 2024-01-05
Image

(၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် တိုင်းအဆင့်ဌာနဆိုင်ရာများအလိုက် ဂုဏ်ပြု ပြခန်းများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ ခင်းကျင်းပြသခဲ့ရာ ပြခန်းပေါင်း(၈၁) ခန်းပါရှိပြီး ယင်းပြခန်း များအနက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပြခန်းသည်လည်း တစ်ခုအပါအဝင်ခင်းကျင်း ပြသဆောင်ရွက်ခဲ့ပါသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပြခန်းတွင် တိုင်းရင်းသားမျိုးနွယ်စုများကို ကိုယ်စား ပြုသည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း မျိုးနွယ်စုကြီး(၈)မျိုး၏ ရိုးရာ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုနှင့် အဆိုပါမျိုးနွယ်စုများ၏ အခြေခံစာပေ (ဗျည်း၊ သရ)များအား ပြသခြင်း၊ တိုင်းရင်းသားမျိုးနွယ်စု ကိုယ်စားပြုအလံများ၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ပုံစံငယ် အားပြသခြင်း၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်အခမ်းအနား ဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံများ၊ ဝန်ကြီးဌာန၏ မျှော်မှန်းချက်(Vision) နှင့် ဦးစီးဌာန၏ ဆောင်ပုဒ်များ၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသား မျိုးနွယ်စု (၁၃၅) မျိုးစာရင်းများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အတွင်း တိုင်းရင်းသားဘာသာစာပေ သင်ကြားခွင့်ရရှိသည့် ဘာသာစာပေ(၇၂)မျိုးစာရင်းများ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေ ဘာသာပြန်စာအုပ်များ၊ ဧရာဝတီတိုင်းဒေသကြီး အတွင်း သင်ကြားခွင့်ရရှိသည့် ပိုးကရင်၊ စကောကရင်၊ ရခိုင် နှင့် အရှိုချင်းတိုင်းရင်းသားဘာသာ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ် အကြောင်းအရာစာအုပ်များ၊ ပုံပြင်စာအုပ်များ၊ စကားထာစာအုပ်များ၊ စကားပုံ/ဆိုရိုးစာအုပ်များ နှင့် တိုင်းရင်းသားရိုးရာဝတ်စုံ များအား ခင်းကျင်းပြသဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသားမျိုးနွယ်စုများအကြောင်းပါဝင်သည့် လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ပါသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပြခန်းသို့ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ လာရောက်လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်း ရရှိပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image
Image