ပဲခူးမြို့၊ ဟင်္သာကုန်း၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းရှိ တိုင်းရင်းသားကျောင်းသား/ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေး အသိပညာပေးဟောပြောပွဲ ပဲခူး ၊ ဇန်နဝါရီ ၉
ပဲခူး 2024-01-09
Image

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်သည့် တိုင်းရင်းသားကျောင်းသား/ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား လူငယ်များဖြစ်စေရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို (၉.၁.၂၀၂၄)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ဟင်္သာကုန်း၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ 

အဆိုပါ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးစောလင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး မွန်စာပေနှင့်ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ ဦးနိုင်စိုးသိန်းက တိုင်းရင်းသားလူငယ်များနှင့် ဗလငါးတန်အကြောင်း သိကောင်း စရာများ၊  ဌာနဆိုင်ရာ မှ တာဝန်ရှိသူများက ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသားလူငယ်များ ဖြစ်စေရေး၊ ကလေးများ၏ဖွံ့ဖြိုးမှု၊ လူငယ်ဘဝအကြောင်း၊ အစားအသောက် ဘေးကင်း လုံခြုံစိတ်ချ စေရေးနှင့် ကျန်းမာကြံ့ခိုင်ကာယဗလမဏ္ဍိုင်ဆက်နွယ်မှု ခေါင်းစဉ်များဖြင့် ကျောင်းသား၊ ကျောင်းသူ များအား အသိပညာများ ရရှိစေရန် ရည်ရွယ်၍ ဟောပြောခဲ့ကြပါသည်။ 

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးစောလင်းအောင်က ဟောပြောပို့ချသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းသန်းက ကျောင်း စာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များနှင့် ငွေကျပ်(၁၀၀,၀၀ဝိ/-) လှူဒါန်းခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။ 


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image