၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလအတွင်း မော်လမြိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များ ဖြစ်စေရေးအတွက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲး ကျင်းပ မော်လမြိုင် ၊ ဒီဇင်ဘာ ၂၈
မွန် 2024-01-18
Image

ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိ ပညာပေးဟောပြောပွဲများနှင့် နံရံကပ်စာစောင်ပြပွဲကို (၂၈-၁၂-၂၀၂၃)ရက်နေ့က မော်လမြိုင်မြို့၊ ရွှေနတ် တောင်အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အဆိုပါဟောပြောပွဲတွင်  ကျောင်းအုပ်ဆရာကြီးမက အဖွင့်အမှာစကား ပြောကြားကာ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက လွတ်လပ်ရေးနေ့ သမိုင်းအကြောင်းအရာများအား အသိပညာပေး ဟောပြောခဲ့ပြီး တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သံယောဇဉ်မိုးက လူငယ်များ ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားထိန်းသိမ်းတတ်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့ကြပါသည်။

ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သံယောဇဉ်မိုးက ကျောင်းစာကြည့်တိုက်များအတွက်  တိုင်းရင်းသားရေးရာဆိုင်ရာ သုတ/ရသ စာအုပ်များ ပေးအပ်ခဲ့ပြီး မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသ ထားသော နံရံကပ်စာစောင်များကို တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများက လေ့လာ ဖတ်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။


Image
Image
Image
Image