၂၀၂၄ခုနှစ်၊ ဇန်နဝါရီလအတွင်း မော်လမြိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များ ဖြစ်စေရေးအတွက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲကျင်းပ မော်လမြိုင် ၊ ဇန်နဝါရီ ၂
မွန်ပြည်နယ် 2024-01-18
Image

ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲများနှင့် နံရံကပ်စာစောင်ပြပွဲကို (၂-၁-၂၀၂၄)ရက်နေ့က မော်လမြိုင်မြို့၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ (၃-၁-၂၀၂၄)ရက်နေ့က မော်လမြိုင်မြို့၊ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းများ တို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကို ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အဆိုပါဟောပြောပွဲတွင်  ကျောင်းအုပ်ဆရာမကြီးများက အဖွင့်အမှာစကား ပြောကြားကာ မော်လမြိုင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာ က လွတ်လပ်ရေးနေ့ သမိုင်းအကြောင်းအရာများအား အသိပညာပေး ဟောပြောခဲ့ပြီး တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သံယောဇဉ်မိုးက လူငယ်များ ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားထိန်းသိမ်းတတ်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့ကြပါသည်။

ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သံယောဇဉ်မိုးက ကျောင်းစာကြည့်တိုက်များအတွက်  တိုင်းရင်းသားရေးရာဆိုင်ရာ သုတ/ရသ စာအုပ်များပေးအပ်ခဲ့ပြီး မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသ ထားသော နံရံကပ်စာစောင်များကို တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများက လေ့လာ ဖတ်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။



Image
Image
Image
Image
Image
Image