တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင် မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အဝင် ကွန်ကရစ်လမ်း ပြုပြင်ဆောင်ရွက်ပြီးစီးမှု ကြည့်ရှု ဇန်နဝါရီ၊၁၅
မန္တလေးတိုင်းဒေသကြီး 2024-01-16
Image

 မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးတွင် ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တိုင်းရင်း သားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင်မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးအဝင် ကွန်ကရစ်လမ်းပြုပြင် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။ ဆက်လက်ပြီး ညွှန်ကြားရေးမှူးမှ ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တင်ပြရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

  ထို့နောက် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍  လမ်းညွှန်အမှာစကားပြောကြားရာတွင် ကမ္ဘာ့ပထဝီနိုင်ငံရေး၊ မြန်မာ့ နိုင်ငံရေးသမိုင်း နောက်ခံအချက်အလက်များကို သိရှိထားနိုင်ရန်နှင့် သင်ခန်းစာများရယူနိုင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ငြိမ်းချမ်းစေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးကို ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ မှတ်ပုံတင်သည့်အခါတွင် သေချာစိစစ်ရန်နှင့် ကူညီဆောင်ရွက်ပေးရန်၊ သဘာဝဘေးအန္တရာယ် လုံခြုံရေးအတွက်လည်း အထူးဂရုပြုကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်(၆)ချက်နှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို အလေးထား လိုက်နာဆောင်ရွက်ရန်၊ ရုံးလုပ်ငန်းများ ပီပြင်အောင်ဆောင်ရွက်ကြရန်၊  ဝန်ကြီး ဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နေသည့် စီမံကိန်း(၂၄)ချက်တွင် ပါဝင်သည့် ဦးစီးဌာနများမှ ဆောင်ရွက်ရမည့်လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းစည်းလုံးလုံးညီညွတ်စွာ ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြား ခဲ့ပါသည်။ ထို့နောက် ဝန်ထမ်းများက လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ တင်ပြချက် များအပေါ် ဒုတိယဝန်ကြီးက ပြန်လည်ဆွေးနွေးပေါင်းစပ်ပေးခဲ့ကြောင်း သိရှိခဲ့ရပါသည်။


Image
Image
Image
Image
Image
Image