တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ယာယီ‌နေရပ်စွန့်ခွါပြည်သူများအားထောက်ပံ့ငွေပေးအပ် ရှမ်း၊ ဇန်နဝါရီ ၁၃
ရှမ်း 2024-01-13
Image

    တိုင်းရင်းသားလူမျိုးများရေးရာဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် လူမှုဝန်ထမ်းကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ဇော်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်တို့နှင့်အတူ လိုက်ပါလျက် ၁၃-၁-၁၀၂၄ရက်‌နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း ကလောခရိုင်၊ ညောင်ရွှေမြို့နယ်အတွင်းသို့ ရောက်ရှိခိုလှုံနေကြသည့်ကယားပြည်နယ်မှ ယာယီနေရပ်စွန့်ခွါပြည်သူများအား အသုံးအဆောင်၊ စားရေ ရိက္ခာနှင့်ထောက်ပံ့ငွေများ ပေးအပ်သည့် အခမ်းအနားသို့ ပါဝင်တက်ရောက်ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ငွေ ကျပ်သိန်းသုံးဆယ်အား ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image