ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ ဧရာဝတီ၊ ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး 2024-01-08
Image

တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၊ နံနက်ပိုင်း က ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အ.လ.က-လျှော်ကုန်းကျောင်း နှင့် အ.လ.က-မဂူကျွန်း ကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ကန်ကြီးထောင့်မြို့နယ်၊ ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာ ရေးမှူး ဦးရဲနိုင်က အမှာစကားပြောကြား၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ပြောကြားခြင်း၊ တိုင်းရင်းသားဘာသာစာပေသင်(TA/LT)တို့၏ လုပ်ငန်းတာဝန်များနှင့် တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့်ယဉ်ကျေးမှုအကြောင်း သိကောင်း စရာများအား ဆွေးနွေးပြောကြားခဲ့ပြီး ကန်ကြီးထောင့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်း က လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ကြပါသည်။

ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီ က အ.လ.က-လျှော်ကုန်းကျောင်း နှင့် အ.လ.က-မဂူကျွန်းကျောင်းစာကြည့်တိုက်အတွက် စာအုပ်များပေးအပ်လှူဒါန်း၍ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image
Image