ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကြီးမှူး၍ (၂၆.၁၂.၂၀၂၃)ရက်နေ့မှ (၄.၁.၂၀၂၄)ရက်နေ့အထိ ဖွင့်လှစ်မည့် “ပအိုဝ်းတိုင်းရင်းသားဘာသာ စာပေသင်(TA/LT)ဆရာ/မများ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၂၆)ရက်နေ့ က ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအသင်းရုံးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုမှ ပအိုဝ်း တိုင်းရင်းသားဘာသာစာပေသင် (TA/LT) မွမ်းမံသင်တန်းသို့ တက်ရောက်လာသည့် ဆရာ၊ ဆရာမများအား ယခုဖွင့်လှစ်သည့် သင်တန်း၌ ပို့ချမည့်သင်ခန်းစာများအား အပတ်တကုတ် ကြိုးစား၍ လေ့လာသင်ယူပြီး လက်ဆင့်ကမ်းပြန်လည်သင်ပြနိုင်သော ဆရာ၊ ဆရာမကောင်း များဖြစ်အောင် ဆောင်ရွက်စေလိုပါကြောင်းနှင့် မိမိတို့၏ စကား၊ စာပေ၊ ယဉ်ကျေးမှုများ ရေရှည် တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုမှ ထောက်ပံ့ ငွေပေးအပ်ခဲ့ပါသည်။အဆိုပါ သင်တန်းကို ဒီဇင်ဘာလ (၂၆) ရက်နေ့မှ ဇန်နဝါရီလ (၄)ရက်နေ့အထိ ဖွင့်လှစ် မည်ဖြစ်ပြီး ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်မှ ပအိုဝ်းတိုင်းရင်းသားဘာသာ စာပေသင် TA/LT ဆရာ၊ ဆရာမ စုစုပေါင်း (၄၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။