“လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း” သင်တန်းဆင်းပွဲ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဦးစီးဌာနညွှန်ကြားရေးမှူးရုံးတွင် ကျင်းပပြုလုပ် ဧရာဝတီ ၊ ဒီဇင်ဘာ ၂၂
ဧရာဝတီ 2024-01-01
Image

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်သော  “လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း” သင်တန်းဆင်းပွဲအခမ်းအနားကို   (၂၂-၁၂-၂၀၂၃)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဦးစီးဌာနညွှန်ကြားရေးမှူးရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး  ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊  ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ  ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဒေါ်မဉ္ဇူဝင်းတို့က အမှာစကားများ အသီးသီးပြောကြားခဲ့ပါသည်။ 

ဆက်လက်၍  တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က သင်တန်းတွင် ထူးချွန်ဆုရရှိသူ သင်တန်းသူများအား ဆုချီးမြှင့်ခြင်း၊ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဒေါ်မဉ္ဇူဝင်းက သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်းနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊  ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ  ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက သင်တန်းနည်းပြဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် သင်တန်းသား၊ သင်တန်းသူများအား လူသုံးကုန်ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်း အစီအစဉ်တို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် သင်တန်းသူတစ်ဦးက ကျေးဇူး တင်စကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်း ခဲ့ပါသည်။

အဆိုပါသင်တန်းအား (၁၈-၁၂-၂၀၂၃)ရက်နေ့မှ (၂၂-၁၂-၂၀၂၃)ရက်နေ့အထိ ဖွင့်လှစ် သင်ကြားခဲ့ပြီး လူသုံးကုန်ပစ္စည်းအမျိုးအစား(၁၀)မျိုးဖြစ်သော အဝတ်လျှော်ဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ ဘက်စုံသုံးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ လျှော်မွှေးရည်၊ သဘာဝခေါင်းလျှော်ရည်၊ မျက်နှာသစ်ဆပ်ပြာခဲ၊ လက်သန့်ဆေးရည်၊ ဆပ်ပြာခရင်(မ်)၊ Body Scrub ထုတ်လုပ်နည်းတို့ကို သင်ကြားခဲ့ကြောင်း သိရှိရပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image