ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး အနေဖြင့် ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့်ပူးပေါင်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ရခိုင်တိုင်းရင်းသားဘာသာစာပေကျောင်းသုံး ပုံနှိပ်စာအုပ်များ အခမဲ့ဖြန့်ဝေပေးအပ်ခြင်းအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့၊ နေ့လည် (၁:၀၀) အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဝင် များ၊ ရခိုင်တိုင်းရင်းသားဘာသာစာပေသင် TA/LT ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက အဖွင့် အမှာစကားပြောကြားခဲ့ပြီး ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းက ရခိုင်တိုင်းရင်းသားဘာသာစာပေကျောင်းသုံးပုံနှိပ်စာအုပ် အခမဲ့ဖြန့်ဝေပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသည့် TA/LT ဆရာ၊ ဆရာမများ၏ကိုယ်စား သက်ဆိုင်ရာ မြို့နယ်ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများက ရခိုင်တိုင်းရင်းသားဘာသာစာပေ ကျောင်းသုံးပုံနှိပ်စာအုပ်များအား လက်ခံရယူခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။