တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ "တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ်နှင့် ဗလ ငါးတန်ဖွံ့ဖြိုးစေရေး လူငယ်ရေးရာ အသိပညာပေးခြင်း အခမ်းအနား"ကို ၁၅-၁၂-၂၀၂၃ ရက်နေ့ တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ နောင်သငဲ့ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စိုးက ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်တို့ကို စစ်တမ်းကောက်ယူရခြင်းအကြောင်းနှင့် ကျောင်း သား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်ပေါ်စေရေး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစတင်အောင်မြင့် က ဗလငါးတန်ဖွံ့ဖြိုးစေရေး အားကစားနှင့်လူငယ်၊ အားကစားနှင့် ကိုယ်ကာယကြံ့ခိုင်ရေးကို လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များ၊ ပတ်ဝန်း ကျင်နှင့် လူငယ်၊ ပလပ်စတစ်စွန့်ပစ်မှုဆိုင်ရာကိစ္စရပ်များကို တိုင်းရင်းသားပြည်သူများ အသိအမြင် များ တိုးပွားလာစေရန်လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းရန်နောင်က ကလေး သူငယ်အခွင့်အရေးများ၊ ကလေးသူငယ်အလုပ်သမားပပျောက်ရေး ဆိုင်ရာကိစ္စရပ်များကို လည်း ကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစေသော်တာလင်းသန့် က ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်ရေးရာ စကားဝိုင်းများ၊ စာပေနှင့်လူငယ်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေယံထက်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ရှေ့လုပ်ငန်းစဉ်များ၊ မဟာဗျူဟာများကို ဒေသခံတိုင်းရင်းသားများအား လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်သီရိအောင်က တိုင်းရင်းသားဘာသာသင်ဆရာ၊ ဆရာမများ ခန့်အပ်ထားရှိမှု အခြေအနေနှင့် ဦးစီးဌာန၏ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား အသိပညာနှင့် ဗဟုသုတများတိုးပွားစေပြီး ဗလငါးတန်နှင့် ပြည့်စုံစေရန် ဒေသန္တရမေးခွန်းများကို ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်စိုးက မေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သူများအား ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းအတွက် လိုအပ်သော အားကစား ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်စစ်တမ်းကို ကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၈၅) ဦးဖြေဆိုခဲ့ကြပါသည်။ အခမ်းအနားသို့ အ.မ.က (နောင်သငဲ့) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ပြည်နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။