“တိုင်းရင်းသားရေးရာနှင့် ဗလငါးတန် ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ” အခမ်းအနားကို မကွေးတိုင်းဒေသကြီးတွင် ကျင်းပ မကွေး၊ ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးမြို့နယ် 2023-12-29
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ “တိုင်းရင်းသားရေးရာ နှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနား” ကို ၁၄-၁၂-၂၀၂၃ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊  ရွာသာယာကျေးရွာ၊  အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မင်းဘူး(စကု)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် မင်းဘူး(စကု)မြို့နယ်၊ မြို့နယ်ပညာရေးမှူး ဒေါ်သွယ်သွယ်တို့က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံထူးချွန်သော လူတော်လူကောင်းများ ဖြစ်စေရန် စဉ်ဆက်မပြတ် ကြိုးစားသင်ယူလေ့လာကြရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်‌ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ  ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်သန္တာဝင်းက တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန ပေါ်ပေါက်လာပုံ၊   ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအကြောင်း သိမှတ် ဖွယ်ရာများကို လည်းကောင်း၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်‌ကျော်က လူငယ်များ ဗလငါးတန်ပြည့်ဝစေရေး အတွက် ကျောင်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတကြွယ်ဝစေရန် စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ မင်းဘူးခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နှင်းယုဇံက ကျောင်းသား၊ ကျောင်းသူလူငယ်များ သိထားသင့်သည့် ဗလ ငါးတန်ဖွံ့ဖြိုးရေး အဆင့်အတန်း မြင့်မားတိုးတက်စေရေးဆိုင်ရာ သိမှတ်ဖွယ်ရာ၊  အားကစား ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုးက လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊  လူငယ်နှင့် မှုခင်းပြဿနာ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းများနှင့် မှုခင်းအမျိုးအစား အလိုက် အရေးယူခံရမည့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်နှင်းနုထွေးက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးများကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း၊ အသီးသီး ရှင်းလင်း ဆွေးနွေးဟောပြောခဲ့ကြပါသည်။

ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောသည့် အကြောင်းအရာများအပေါ် ဉာဏ်စမ်းမေးခွန်းများမေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သူ ကျောင်းသား၊ ကျောင်းသူများအား ဆုလက်ဆောင်များ ချီးမြှင့်ခြင်း၊ ရွာသာယာကျေးရွာ၊ အထက် တန်းကျောင်း စာကြည့်တိုက်အတွက် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက် သည့်ဥပဒေ၊ နည်းဥပဒေစာအုပ်များနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာဥပဒေ သိမှတ်ဖွယ် ရာ စာအုပ်များပေးအပ်ခဲ့ပြီး ရွာသာယာကျေးရွာ၊ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယုယုရွှေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ 

ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကို လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ များ၊ ကွမ်းစားသုံးခြင်း၏ ဆိုးကျိုးများနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ဝင်ရောက်လေ့လာ ဖတ်ရှုကြပါသည်။ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရွာသာယာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image