တိုင်းရင်းသားကျောင်းသားလူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ထူးချွန် စွမ်းရည် ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားကို မှော်ဘီမြို့နယ်တွင် ကျင်းပ မှော်ဘီ၊ ဒီဇင်ဘာ ၁၃ ရက်
ရန်ကုန် 2023-12-29
Image

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှဦးစီး၍ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ “တိုင်းရင်း သား ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်စွမ်းရည်ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနား" ကို ၁၃-၁၂-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်၊ လိပ္ပုတ်ကျေးရွာ၊ မူလတန်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးက ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မှော်ဘီခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က မှော်ဘီခရိုင်အတွင်းရှိလုပ်ငန်းစီမံချက်များအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်  ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသားလူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အခမ်းအနားကျင်းပရခြင်းဖြစ်ကြောင်းနှင့်  တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ တိုင်းရင်းသား အချင်းချင်း အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့်အကအဖွဲ့က ပြည်ထောင်စုအင်အားသီချင်း၊ စည်းလုံးခြင်းအတွက် သီချင်း တစ်ပုဒ်စသည့် သီချင်းများဖြင့် ကပြဖျော်ဖြေခြင်း၊ ကျီးပင်ဆိပ်ကျေးရွာ မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဝါးညှပ်အက၊ ဒုံးယိမ်းအကများဖြင့် ကပြဖျော်ဖြေခြင်း၊ လိပ္ပုတ်ကျေးရွာ မူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကပြဖျော်ဖြေခြင်း၊ ရှမ်း(တိုက်ကြီး)အဖွဲ့မှ ရှမ်းရိုးရာအကများဖြင့် ကပြဖျော်ဖြေခြင်းတို့ကို ကပြဖျော်ဖြေခဲ့ကြပါသည်။  

ထို့နောက် ဗလငါးတန်နှင့် ပြည့်စုံသော ပြပွဲပြိုင်ပွဲများဖြစ်သည့် အပြေးပြိုင်ပွဲ၊ အာလူး ကောက်ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ဘောလုံးဖောက်ပြိုင်ပွဲ၊ ထုတ်ဆီးထိုးပြိုင်ပွဲ၊ ဘောလီ ဘောပုတ်ပြိုင်ပွဲစသည့် ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသား ရေးရာဝန်ကြီးက ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား  ဆုချီးမြှင့်ခြင်းနှင့်  လိပ္ပုတ်ကျေးရွာ၊ မူလတန်းလွန်ကျောင်းတွင် လိုအပ်သည့် Sound Box နှင့် အားကစားပစ္စည်းများ ပေးအပ်ခဲ့ပြီး မှော်ဘီမြို့နယ်ပညာရေးမှူး ဒေါ်စမ်းစမ်းဝင်းက ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများအား ပေါ်ထွန်းလာစေရန် ရည်ရွယ်၍  မိမိတို့ရပ်ရွာသို့ လာရောက် ကျင်းပပေးခြင်းအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၊ မှော်ဘီခရိုင်အုပ်ချုပ်ရေးမှူး ၊ မှော်ဘီမြို့နယ်အုပ်ချုပ်ရေးမှူး၊ လိပ္ပုတ်ကျေးရွာအုပ်ချုပ်ရေးမှူး၊ မှော်ဘီ မြို့နယ်ပညာရေးမှူး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ မှော်ဘီ မြို့နယ် ကျီးပင်ဆိပ်ကျေးရွာ၊ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ မှော်ဘီမြို့နယ် သဲကုန်းကျေးရွာ၊ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ မှော်ဘီမြို့နယ် လိပ္ပုတ်ကျေးရွာ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image