လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို မန္တလေးတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ် မန္တလေး၊ ဒီဇင်ဘာ ၁၂
မ 2023-12-27
Image

နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်သော  လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြ သာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီး ဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့ပူးပေါင်း၍ “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ”ကို မန္တလေး မြို့၊ အမှတ် (၃၀) အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် အမှတ် (၃၀) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့် အရေးများကာ ကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းညို၊ အားကစားနှင့်ကာယပညာဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဝင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်း၊ တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်ထားဆွေတို့က အသီးသီး ရှင်းလင်းဟောပြောခဲ့ကြပါသည်။ 

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းသားလူမျိုးများ ၏ အခွင့်အရေး နှင့် ရပိုင်ခွင့်များကို ရိုက်နှိပ်ထားသည့် Pamphlet များဝေငှခဲ့ပြီးကျောင်းစာကြည့်တိုက်အတွက်တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့် ရှောက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များအားလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တိုင်းရင်းသားပုံပြ၊ ပုံပြင်စာအုပ်များနှင့် လက်ကမ်းစာစောင်များအား ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရှိရပါသည်။ 


Image
Image
Image
Image
Image
Image
Image
Image
Image