တိုင်းရင်းသားကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ထူးချွန်စွမ်းရည် ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးတွင်ကျင်းပပြုလုပ် ရန်ကုန်၊ ဒီဇင်ဘာ ၆
ရန်ကုန် 2023-12-11
Image

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသ ကြီးညွှန်ကြားရေးမှူးရုံးကကြီးမှူးကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်စွမ်းရည် ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားကို (၆-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၇:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကျီးပင်ဆိပ်ကျေးရွာ၊ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန  ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းကတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်းမိတ်ဆက်ပြောကြားခဲ့ပြီးအခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်၊တိုင်းရင်းသားလူမျိုးများ၏အခွင့် အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ တိုင်းရင်းသားအချင်းချင်း အမုန်းစကားနှင့် အကြမ်းဖက်မှု ဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှဦးစီးအရာရှိဦးငါးရယ်ကတိုင်းရင်းသားပုံပြပုံပြင် စာအုပ်ထုတ်ဝေပေးမှုအခြေ အနေနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဉီးစီးဌာန၏ လုပ်ငန်းဆောင် ရွက်နေမှု အကြောင်းတို့ကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြပါသည်။ 

ဆက်လက်၍ ဗလငါးတန်နှင့် ပြည့်စုံသော ပြပွဲပြိုင်ပွဲများဖြစ်သည့် အာလူးကောက်ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ဘောလုံးဖောက်ပြိုင်ပွဲ၊ ထုတ်ဆီးထိုးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ချယ်ပြိုင်ပွဲ၊ စက္ကူဖြင့် စုပေါင်းအရုပ်ခေါက်ပြိုင်ပွဲစသည့်ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား  ဆုချီးမြှင့်ပေးအပ်ခြင်းနှင့် ကျီးပင်ဆိပ် ကျေးရွာ၊ မူလတန်းကျောင်းတွင် လိုအပ်သည့် Sound Box နှင့် အားကစားပစ္စည်းများပေးအပ်ခဲ့ပါသည်။ 

ထို့နောက် လက်ထောက်မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိမိထွန်းက ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက်  ကျောင်းသား၊ကျောင်းသူလေးများက ဝါးညှပ်အက၊ ဒုံးယိမ်းအကများဖြင့် ကပြဖျော်ဖြေခြင်း၊  စုပေါင်းအမှတ်တရဓါတ်ပုံများ ရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image