လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှုနည်းပညာသင်တန်းကို ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်၊ ညောင်ငူကျေးရွာတွင် ဖွင့်လှစ် ဧရာဝတီ ၊ ဒီဇင်ဘာ ၄
ဧရာဝတီ 2023-12-04
Image

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(မြောင်းမြခရိုင်)တို့ ပူးပေါင်း၍ “လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှုနည်းပညာသင်တန်း” ကို (၃၀-၁၁-၂၀၂၃) ရက်နေ့မှ (၄-၁၂-၂၀၂၃) ရက်နေ့အထိ အိမ်မဲမြို့နယ်၊ ညောင်ငူအုပ်စု၊ ညောင်ငူကျေးရွာ၊ ဓမ္မရံသီဘုန်းကြီးကျောင်း ဓမ္မာရုံ၌  ဖွင့်လှစ်သင်ကြားခဲ့ပြီး ဒေသခံတိုင်းရင်းသား အမျိုးသမီး(၂၀)ဦး တက်ရောက်သင်ယူခဲ့ပါသည်။ 

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို (၄-၁၂-၂၀၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အိမ်မဲမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။  အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာန၊  ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြောင်းမြခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မိုးမိုးဝင်းက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊  ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်စန်းက သင်တန်းတွင် ထူးချွန်ဆုရရှိသူ သင်တန်းသူများအား ဆုချီးမြှင့်ခြင်း၊ သင်တန်းဆင်း လက်မှတ်ပေးအပ်ခြင်းနှင့် သင်တန်းနည်းပြ ဆရာ/ဆရာမများအား ဂုဏ်ပြုလက်ဆောင် ပေးအပ်ခြင်း အစီအစဉ်တို့ကို ဆောင်ရွက်ခဲ့ပြီးနောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ 

ထို့နောက် မြောင်းမြခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မိုးမိုးဝင်းက သင်တန်းသူများအား သင်တန်းမှထွက်ရှိလာသော လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ 

အဆိုပါသင်တန်းတွင် လက်သန့်ဆေးရည်၊ ဘက်စုံသုံးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ သဘာဝခေါင်းလျှော်ရည်နှင့် သဘာဝမျက်နှာသစ် ဆပ်ပြာခဲ ထုတ်လုပ်နည်းတို့ကို သင်ကြားပို့ချခဲ့ကြောင်း သိရှိရပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image
Image