ဧရာဝတီတိုင်းဒေသကြီးအဆင့် အရှိုချင်းရိုးရာကောက်သစ်စားပွဲတော်နှင့် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲအခမ်းအနား ဧရာဝတီ၊ နိုဝင်ဘာလ ၂၈
ဧရာဝတီတိုင်းဒေသကြီး 2023-12-05
Image

ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းက ကြီးမှူးကျင်းပသည့်တိုင်းဒေသကြီးအဆင့် အရှိုချင်းရိုးရာကောက်သစ်စားပွဲတော်နှင့် သက်ကြီး ဘိုးဘွားပူဇော်ကန်တော့ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊  နိုဝင်ဘာလ (၂၈)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အင်္ဂပူ မြို့နယ်၊ မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ချင်းအမျိုးသား စာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ ဒေသခံ ချင်းတိုင်းရင်းသားများနှင့် ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ တက်ရောက်အားပေးချီးမြှင့်ခဲ့ပါသည်။ 

အခမ်းအနားကို အရှိုချင်းတိုင်းရင်းသားသဘာပတိကြီးက မင်္ဂလာမောင်း(၃)ချက်တီး၍ ဖွင့်လှစ်ပေးခဲ့ပြီး သဘာပတိကြီးက မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထို့နောက် ဧရာ ဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဆလိုင်းလှမြင့်က အရှိုချင်းရိုးရာ ကောက်သစ်စားပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခြင်း၊ သက်ကြီးဘိုးဘွား များအား ကန်တော့ငွေများပေးအပ်ခြင်း၊ အတွင်းရေးမှူးက ကျေးဇူးတင်စကား ပြောကြားခြင်း၊ ချင်းတိုင်းရင်းသား/သူများက ချင်းရိုးရာဝါးညှပ်အက၊ ယိမ်းအကများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ခဲ့ပါသည်။အခမ်းအနားသို့တက်ရောက်ချီးမြှင့်ကြသည့်ဧည့်သည်တော်များအားချင်းရိုးရာကောက်သစ်စားပွဲတော် မိတ်ဆုံစားပွဲဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်း ရရှိပါသည်။  


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image