တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုစစ်တမ်းကောက်ယူခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်ရေးရာ အသိပညာပေးခြင်း အခမ်းအနား ကရင်ပြည်နယ်တွင် ကျင်းပပြုလုပ် ကရင်၊ နိုဝင်ဘာ ၂၈ ရက်
ကရင် 2023-12-01
Image

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ "တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်" နှင့် “ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အစီအစဉ်" ကို  ၂၈-၁၁-၂၀၂၃ ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကော့ဝန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံ တိုင်းရင်းသားများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြ ပါသည်။

အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်တို့ကို ဆန်းစစ်ချက် စစ်တမ်းကောက်ယူရခြင်း ရည်ရွယ်ချက်နှင့် ကျောင်းသား/ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်ပေါ်စေရေး အသိပညာပေးကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ  ဦးစီးအရာရှိ ဦးဝေယံထက်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက် သည့် ဥပဒေများ၊ နည်းဥပဒေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် မဟာဗျူဟာကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပတ်ဝန်းကျင် စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ပလပ်စတစ်စွန့်ပစ်မှု ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

ဆက်လက်၍ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိနန္ဒာမွန် က ဗလငါးတန်ဖွံ့ဖြိုးရေးတွင် ပါဝင်သော ကာယဗလဖွံ့ဖြိုးစေရေး ကိုယ်ကာယကြံ့ခိုင်မှုနှင့် အားကစားစိတ်ဓါတ် ရှင်သန်ထက်မြက်ရေး၊ ကျန်းမာသော လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရေး ကိစ္စရပ်များကိုလည်းကောင်း၊  မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းရန်နိုင် က ကလေး သူငယ်အခွင့်အရေးများ၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာကိစ္စများ၊ ကလေး အလုပ်သမားဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က  ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသား လူငယ်များဖြစ်ပေါ်စေရေး စာပေ၊ အနုပညာ၊ အသိပညာများအား လေ့လာကြရန်နှင့် လူငယ် ရေးရာစာပေစကားဝိုင်းများ အကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မြတ်သီရိအောင် က တိုင်းရင်းသား ဘာသာသင် ဆရာ/ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT)များ ခန့်အပ်ထားမှုအခြေအနေများကိုလည်းကောင်း  ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ဉာဏဗလနှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် ရည်ရွယ်၍ ဗဟုသုတဆိုင်ရာမေးခွန်းများ၊ ဒေသန္တရမေးခွန်းများ၊ အသိပညာဆိုင်ရာမေးခွန်းများကို ကျောင်းသား/ ကျောင်းသူများအား မေးမြန်းခဲ့ပြီး ဆုလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပါသည်။

ထို့နောက် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်စစ်တမ်း ကောက်ယူ ခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၈၃)ဦးက ဖြေဆိုခဲ့ကြပြီး စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image