မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနား ကျင်းပ နေပြည်တော် နိုဝင်ဘာ ၂၉
နေပြည်တော် 2023-11-29
Image

မီးဘေးအန္တရာယ် ကျရောက်လွယ်သော အချိန်ကာလဖြစ်သည့် ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်နှင့် ထိထိရောက်ရောက် တားဆီးနိုင်ရန်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြ လေ့ကျင့်ခြင်းအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ် ဦးစီးဌာန၊ ဥတ္တရသီရိခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်ထွန်း၊ ဥတ္တရ သီရိမြို့နယ် ဦးစီးအရာရှိ ဦးစိုးသက်နောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ နှစ်စဉ်ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည့် သဘာဝဘေးအန္တရာယ်(၉)မျိုးရှိသည့်အနက် မီးဘေး အန္တရာယ်ကြောင့် ဆုံးရှုံးနစ်နာမှုများမှာ (၇၅)ရာခိုင်နှုန်းခန့် ရှိပါကြောင်း၊ ဒါ့အပြင် မီးဘေး အန္တရာယ်သည် ရန်သူမျိုး(၅)ပါးတွင်လည်း အဆိုးဝါးဆုံးဖြစ်ပါကြောင်း၊ “မီး” ဆိုသည်မှာ အမျိုးအစားအမျိုးမျိုးရှိသလို မသုံးတတ်လျှင် ဘေး သုံးတတ်လျှင် အကျိုးပေါင်းများစွာ  အကျိုးပြုနေပါကြောင်း၊ ယခုအခါ ပွင့်လင်းရာသီသို့ စတင်ရောက်ရှိလာပြီဖြစ်သည့် အလျောက် “မီးဘေးရှောင် မလောင်ခင်ကတား”  ဆိုသည့် ဆောင်ပုဒ်အတိုင်း မိမိတို့ဝန်ကြီး ဌာနအတွင်း ဝန်ကြီးရုံးနှင့် ဦးစီးဌာနများတို့သည် မီးဘေး ကြိုတင်ကာကွယ်ရေး စီမံချက် များကို စနစ်တကျပြီးပြည့်စုံစွာ ရေးဆွဲထားရှိရန်လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ မီးသတ်ဦးစီး ဌာနမှ လာရောက်အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည့် အချက်အလက်များနှင့် လက်တွေ့သရုပ်ပြမှုများကို စိတ်ပါဝင်စားစွာ လိုက်နာမှတ်သားပြီး မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးလုပ်ငန်းစီမံချက် ရေးဆွဲရာတွင် လက်တွေ့အကျိုးရှိရှိ ပြီးပြည့်စုံစေရန် ရေးဆွဲဘို့ လိုအပ်မည်ဖြစ်ပါကြောင်း၊ မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များသည် ထူးခြားဝိသေသလက္ခဏာ နှင့် ပြည့်စုံသည့် နိုင်ငံတော်၏အရန်တပ်ဖွဲ့ဝင်အင်အားများ ဖြစ်သကဲ့သို့ သက်ဆိုင်ရာ မိမိတို့ ဝန်ကြီးဌာနအပါအဝင် ကျန်ပရဟိတ လူမှုအဖွဲ့အစည်း အသီးသီးမှလည်း အရန်မီးသတ် အဖွဲ့ဝင်များအဖြစ် တက်ကြွစွာ စုဖွဲ့ပါဝင်၍ နိုင်ငံတော်၏  သဘာဝဘေးအန္တရာယ် လုပ်ငန်းရပ်များကို အမျိုးသားရေးတာဝန် လုပ်ငန်းတစ်ရပ်အဖြစ် ခံယူပြီး မိမိတို့ ကျရာ အခန်းကဏ္ဍမှ ပါဝင်လျက် ဆက်လက်ကြိုးပမ်းအကောင်အထည်ဖော် လိုက်နာဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ ဥတ္တရသီရိခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်ထွန်း၊ ဥတ္တရသီရိမြို့နယ် ဦးစီးအရာရှိ ဦးစိုးသက်နောင်တို့က မီးဘေးလုံခြုံရေးအသိပညာများကို Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

  ဆက်လက်၍ မီးငြိမ်းသတ်မှု သရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်ကို ဆောင်ရွက်ရာ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများကလည်း လက်တွေ့ပါဝင် စမ်းသပ်လေ့ကျင့်ခဲ့ကြကြောင်း သိရှိရပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image