ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး(ကရင်ပြည်နယ်)၊ ကရင်ပြည်နယ်ပညာရေးမှူးရုံးနှင့် ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်း(၁/၂၀၂၃)ဖွင့်ပွဲ (၂၁.၁၁.၂၀၂၃)ရက်နေ့တွင် ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ အခမ်းအနားမှူးသင်တန်း ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းကာလမှာ ၂၁-၁၁-၂၀၂၃ရက်နေ့မှ ၂၄-၁၁-၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်မှာဖြစ်ပြီး အဆိုပါသင်တန်းသို့ ကရင်ပြည်နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ စာပေနှင့်ယဉ်ကျေးမှုအသင်းမှ တိုင်းရင်းသူများ စုစုပေါင်း သင်တန်းသားဦးရေ(၆၅)ဦး တက်ရောက်ခဲ့ပါသည်။