ကရင်ပြည်နယ် ဘားအံမြို့နယ်၌ အနာဂါတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး(ကရင်ပြည်နယ်)မှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်အခြေခံပညာဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ၂၀-၁၁-၂၀၂၃ ရက်နေ့နံနက်ပိုင်းတွင် ဘားအံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(လှာကာ) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ကရင်ပြည်နယ်)မှ ဒေါ်မြတ်သီရိအောင်(ဦးစီးအရာရှိ)မှ လူငယ်နှင့်စာပေအကြောင်းကိုလည်းကောင်း ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်စိုးစိုးအေးက “လူငယ်စကားဝိုင်း” ကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အစီအစဉ်တင်ဆက်သူ အဖြစ် ဆောင်ရွက်ကာ အခြေခံပညာအထက်တန်းကျောင်း(လှာကာ)မှ ကျောင်းသား/သူများက လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့်အသက်မွေး ဝမ်းကျောင်း ခေါင်းစဉ်များဖြင့် ဆွေးဆွေးစေခဲ့ပါသည်။ ဆွေးနွေးပွဲကို ကျောင်းသား/သူ (၇၅၀)ဦး တက်ရောက်ခဲ့ပါသည်။
အလားတူ ၂၀-၁၁-၂၀၂၃ ရက်နေ့ နေ့လည်ပိုင်းတွင် ဘားအံမြို့နယ် အခြေခံပညာအထက်တန်း ကျောင်း(စက်ရုံ) ကျောင်းခန်းမ၌ “လူငယ်စကားဝိုင်း”ကို ကျင်းပပြုလုပ်ရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ကရင်ပြည်နယ်)မှ ဒေါ်မြတ်သီရိအောင်(ဦးစီးအရာရှိ)မှ လူငယ်နှင့်အားကစားအကြောင်းကိုလည်းကောင်း ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်စိုးစိုးအေးက “လူငယ်စကားဝိုင်း” ကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ကာ အခြေခံပညာအထက်တန်းကျောင်း(စက်ရုံ)မှ ကျောင်းသား/သူများက လူငယ်နှင့်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်အသက်မွေးဝမ်းကျောင်း ခေါင်းစဉ်များဖြင့် ဆွေးဆွေးစေခဲ့ပါသည်။ ဆွေးနွေးပွဲကို ကျောင်းသား/သူ (၇၅၀)ဦး တက်ရောက်ခဲ့ပါသည်။