တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန (၈) ကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ နေပြည်တော် နိုဝင်ဘာ ၂၃
နေပြည်တော် 2023-11-28
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန (၈) ကြိမ်မြောက်ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိတိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ဇနီးနှင့်မိသားစု၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည်ညိုကြပါသည်။

အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဒက္ခိဏရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနာယကထံမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များကပရိတ်တရားတော်များ ရွတ်ပွားသရဇ္စျယ် ချီးမြှင့်တော်မူကြပါသည်။ ဆက်လက် ၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဇနီးနှင့်မိသားစု နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပါသည်။

ထို့နောက် မန္တလေးမဟာအောင်မြေ  ကျောင်းတိုက်ဆရာတော် သာသနဓဇဓမ္မာစရိယ၊ တိပိဋက ဥဘတော ဝိဘင်္ဂဓရဘဒ္ဒန္တဝိလာသသိရီ ထံမှ ကထိန်အနုမောဒနာတရားများ နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး အရာထမ်း၊ အမှု ထမ်းများ အားလုံးနှင့်အတူတကွ နေ့လယ်စာကို လက်ရည်တပြင်တည်း သုံးဆောင်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။


Image
Image
Image
Image
Image
Image
Image
Image