ငဖဲမြို့၌ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်နှင့် တိုင်းရင်းသားရေးရာ အသိပညာပေးနှီးနှောဖလှယ်ပွဲအခမ်းအနားကျင်းပ မကွေးတိုင်းဒေသကြီး၊ နိုဝင်ဘာလ ၂၁ ရက်
မကွေးတိုင်းဒေသကြီး 2023-11-28
Image

ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍  မင်းဘူးခရိုင်၊ ငဖဲမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီး ဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူး၍ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်နှင့် တိုင်းရင်းသားရေးရာ အသိပညာပေးနှီးနှောဖလှယ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၁ ရက်နေ့နံနက်ပိုင်းက အ.ထ.က-ငဖဲကျောင်း၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်နှင့် တိုင်းရင်းသားရေးရာ အသိ ပညာပေးနှီးနှောဖလှယ်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်၊“တိုင်းရင်းသားလူမျိုးများ”၊“တိုင်းရင်းသားရေးရာ”ဟူသောအဓိပ္ပာယ်များ၊ဝန်ကြီးဌာန၏Mission၊ Vision၊ Policy များ၊ ဌာနလုပ်ဆောင်ချက်များ၊ တိုင်းရင်းသား(၁၃၅)မျိုးရှိကြောင်း၊ ဗမာ(၉)မျိုး အကြောင်း၊ ချင်းတိုင်းရင်းသားတို့၏ ရိုးရာပွဲတော်များအကြောင်းရှင်းလင်းပြောကြားခြင်း၊ ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စိုးက လူငယ်ရေးရာသိမှတ်ဖွယ်ရာများ၊ ငဖဲမြို့နယ် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်က မှုခင်းရေးရာနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက လူငယ်နှင့်စာပေရေးရာများနှင့်ပတ်သက်၍ အသိပညာပေးပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းနှင့်ဦးစီးအရာရှိနှစ်ဦးက ကျောင်းသား ကျောင်းသူများအား တိုင်းရင်းသားများနှင့်သက်ဆိုင်သော ဗဟုသုတများမေးမြန်းခဲ့ရာ ကျောင်းသား ကျောင်းသူများက ပြန်လည်ဖြေကြားခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြပါသည်။

အဆိုပါပွဲတွင် ငဖဲမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၆၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။




Image
Image
Image
Image
Image
Image
Image
Image