ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ချင်းပြည်နယ်၊ ဟားခါးမြို့တွင်ကျင်းပပြုလုပ် ချင်း၊ နိုဝင်ဘာ ၉ ရက်
ချင်း 2023-11-09
Image

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား လူငယ်များဖြစ်စေရေး အသိပညာဟောပြောပွဲအခမ်းအနားကို (၉-၁၁-၂၀၂၃) ရက်နေ့တွင် ဟားခါးမြို့၊ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်လွင်က အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်တို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ကျောင်းသား၊ ကျောင်းသူများ က ဇာတိမာန်သီချင်းဖြင့်လည်းကောင်း၊ ချင်းတိုင်းရင်းသားရိုးရာအကများဖြင့်လည်းကောင်း ဖျော်ဖြေခဲ့ကြပါသည်။ 

      ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ နှစ်ဝက်စာမေးပွဲတွင် စာပေထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများ၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ ကပြသီဆို ဖျော်ဖြေ ကြသည့် ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။  

          ထို့နောက် အသိပညာပေးဟောပြောပွဲခြင်းကို  ဆက်လက်ကျင်းပရာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်မောင်လွင်က တိုင်းရင်းသားတို့၏ စကား၊ စာပေများကို နိုင်ငံတော်၏ ပညာရေးမူဝါဒကို မထိခိုက်စေဘဲ သင်ကြားခွင့်ရှိသည်ကို အသိပညာပေးဟောပြောခြင်း၊ ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှညွန့်က “လူငယ်နှင့် ပညာရည်”ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဂိုဇာခုပ်က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  ပြည်နယ် ကုသရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာမောင်မောင်ဝင်းက “လူငယ်နှင့် ကျန်းမာရေး” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးဦးစံကုန်းက “မြေပြိုဘေး၊ မီးဘေး၊ ငလျင်ဘေး၊ လေပြင်းဘေးအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဟုန်းကီးက “အဆိုးရွားဆုံးပုံစံခြင့် ခိုင်းစေခြင်း ခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည် ကုစားရေး ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ မူးယစ်တပ်ဖွဲ့စု(၄) မှ ခေတ္တတပ်ဖွဲ့မှူး ရဲအုပ်ကျော်လင်းဦးက “လူငယ်နှင့်မူးယစ် အန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမှတ်(၁၃)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်နိုင်က “လူကုန်ကူးမှုနှိမ်နင်းရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ယာဉ် ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကျော်စိုးနိုင်က “ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း” ဆိုင်ရာများကိုလည်း ကောင်း အသီးသီးအသိပညာပေးဟောပြောခဲ့ကြပြီးနောက် အသိပညာပေး ဟောပြောခြင်းများ အား နားလည်နိုင်စွမ်းနှင့်ပတ်သက်၍ ဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုနိုင်ကြသည့် ကျောင်းသား ၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပါသည်။ 

အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၀၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ 

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image