(၆၈) နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကျင်းပ ဘားအံ နိုဝင်ဘာ (၇)
ကရင်ပြည်နယ် 2023-11-09
Image

 (၆၈) နှစ်မြောက် ကရင်ပြည်နယ်နေ့အခန်းအနားကို နိုဝင်ဘာလ (၇) ရက်နေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်ရှေ့၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ကရင်လွတ်မြောက်ရေးတပ်မတော်/ ကရင်အမျိုးသားအစည်းအရုံး (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA (PC)၊ ဒီမိုကရေစီအကျိုးပြုတပ်မတော် (DKBA) ၊ကရင် ပြည်နယ်ပြည်သူ့ကောင်စီဥက္ကဌ (ငြိမ်း)၊ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) တို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေး ပါတီများ၊ မြို့မိမြို့ဖများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြပါသည်။

ပထမဦးစွာ သဘာပတိအဖွဲ့ဝင်များက နေရာယူကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအလံတော်၊ ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်း တို့အား အလေးပြုကြပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊နိုင်ငံတော်ဝန်ကြီးချုပ် သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။

၎င်းနောက် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မုဒ်ဦးနှင့် ပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညွှန့်ဝင်းဆွေ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာခရိုင် ဥက္ကဌ၊ ပဒိုစောရွှေမောင်း၊ နယ်ခြားစောင့်တပ်များ၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ၊ ကရင်ပြည်နယ် ပြည်သူ့ ကောင်စီ ဥက္ကဌ(ငြိမ်း) ဦးစောအောင်ပွင့်နှင့် မြို့မိမြို့ဖ ဒေါ်နန်းမြင့်တင်တို့က (၆၈) နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်း အမှတ် မုဒ်ဦးနှင့်ပြခန်းများကို ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်း အမှတ် မုဒ်ဦးကို စက်ခလုပ်နှိပ်ဖွင့်လှစ်ခဲ့ပါသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက (၆၈) နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ကရင် ပြည်နယ်ကြီး ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း သုံးကြိမ်ရွတ်ဆိုကြွေးကြော်ကြပြီး ငြိမ်းချမ်းရေးချိုးဖြူငှက် (၆၈)ကောင်ကို လွတ်ပေးကြပါသည်။ 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဒေသဖွံ့ဖြိုးရေး ဌာနဆိုင်ရာပြခန်းများ၊ တိုင်းရင်းသားယဉ်ကျေးမှုပြခန်းများ၊ ဒေသထွက်ကုန်အရောင်းပြခန်းများနှင့် စက်မှုလက်မှု (MsME) ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကာ (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြသူများအား ဆုများ ချီးမြှင့်ကြပါသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၆၈) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်း အမှတ် ကရင်ပြနယ်ဝန်ကြီးချုပ်ဖလား လှေလှော်ပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုအားပေး ကြကာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိကြသူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image