တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုစစ်တမ်းကောက်ယူခြင်းနှင့် အခြေခံပညာကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးစေရေး အသိပညာပေး ဟောပြောခြင်းကို ကရင်ပြည်နယ်တွင် ကျင်းပပြုလုပ် ကရင်၊ နိုဝင်ဘာ ၁ ရက်
ကရင် 2023-11-01
Image

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန် ကြားရေးမှူးရုံးက ဦးစီး၍ "တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ်"နှင့် “အခြေခံပညာကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးစေရေး အသိပညာပေးဟောပြောပွဲအစီ အစဉ်"ကို  ၁-၁၁-၂၀၂၃ ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ ရှေ့လုပ်ငန်းစဉ်များ၊ မဟာဗျူဟာများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်သူကျော်က ဒေသခံတိုင်းရင်းသားများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊  အသေးစားစက်မှုလက် မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ဖြူဖြူစိန်က ကရင်ပြည်နယ်အတွင်း ဖွင့်လှစ်ထားသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများနှင့် လူငယ်လူရွယ်များ တက် ရောက်သင်ကြားနိုင်သည့် သင်တန်းအမျိုးအစား တစ်ခုချင်းစီအလိုက် ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေး မှူးရုံးမှ ဦးစီးအရာရှိ ဒေါ်သန္တာတင့်က တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT) များခန့်အပ်ထားမှုကိစ္စများ၊ တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး၏ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်း ကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ အငယ်တန်းစာရေး ဦးအောင်ဖြိုးသော်က အမုန်းစကားနှင့် အကြမ်းဖက်မှု ဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေးခြင်းကိစ္စများ ဒေသခံတိုင်းရင်းသား များနှင့် ကျောင်းသား၊ သူများအားဆွေးနွေးပြောဆိုခဲ့ပြီး ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူရခြင်း ရည်ရွယ်ချက်နှင့် စစ်တမ်း ဖြေဆိုပုံ မေးခွန်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသား၊ သူများ ဖြစ်လာစေရန် ရည်ရွယ်၍ ဒေသန္တရ ဗဟုသုတဆိုင်ရာ မေးခွန်း များကို ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးမှ ကျောင်းသား၊ သူများအား မေးမြန်းခြင်းနှင့် ဖြေဆိုနိုင်သူများအား ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်စစ်တမ်း ကောက် ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၉၃) ဦးတို့က ဖြေဆိုခဲ့ကြပါသည်။ အခမ်းအနားသို့ ကရင်ပြည်နယ်စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ အဖွဲ့ဝင်များလည်း တက် ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image