တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို ရခိုင်ပြည်နယ်တွင် ကျင်းပပြုလုပ် စစ်တွေ အောက်တိုဘာ ၂၅
စစ်တွေ 2023-10-25
Image

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်” ကို မောင်တောမြို့နယ်၊ မကျည်းကုန်းကျေးရွာ ဓမ္မသုခဘုန်းတော်ကြီးကျောင်းတွင် ၂၅-၁၀-၂၀၂၃ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

       အခမ်းအနားတွင် မောင်တောမြို့နယ်၊ ဝေသာလီရပ်ကွက်မှ ရပ်မိရပ်ဖဦးစံမောင်သိန်းနှင့် သက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးဦးဘဦးတို့က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိန်သန်းကြည်က အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့် အရေး၊ သက်ကြီးရွယ်အိုအခွင့်အရေး၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုး ရေးဆိုင်ရာမူဝါဒ တို့ကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိ ဦးဝေယံအောင်က လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု ကိစ္စရပ်များကို လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးမောင်သန်းဦးက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိတ်ဆက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး များကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိန်းဦးက “ရာသီဥတုပြောင်းလဲမှုလျော့ချဖို့ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စို့” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မီမီဝင်းရွှေက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကိုလည်းကောင်း၊ မောင်တောခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်က ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတရရှိရေး ကိစ္စရပ်များကိုလည်းကောင်း အသိပညာ ပေးဟောပြောခဲ့ပါသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးဦးဆောင်၍ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်မှု ဆန်းစစ်ချက်စစ်တမ်းများကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၆၀)ဦး တို့မှ ဖြေဆိုခဲ့ကြပါသည်။ အခမ်းအနားသို့ ဒေသခံတိုင်းရင်းသားများဖြစ်သည့် ရခိုင်၊ သက်နှင့် မြို တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image