တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ရန်ကုန်တိုင်း‌ဒေသကြီးရှိ ရခိုင်လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံ ရန်ကုန် အောက်တိုဘာ ၂၄
ရန်ကုန် 2023-10-24
Image

  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရခိုင်လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများအား ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ အောက်တိုဘာလ ၂၄ ရက်နေ့ နေ့လည်(၁၃:၀၀)နာရီ အချိန်တွင် ရန်ကုန်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် တွေ့ဆုံခဲ့ပါသည်။

  ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကမ္ဘာ့ပထဝီနိုင်ငံရေး၊ မြန်မာ့ပထဝီနိုင်ငံရေး၊ လက်ရှိ ကမ္ဘာ့ပထဝီနိုင်ငံရေးများက မြန်မာနိုင်ငံအပေါ် သက်ရောက်မှုများ၊ အဆိုပါ သက်ရောက်မှု အပေါ် တိုင်းရင်းသားများကစည်းလုံးညီညွတ်စွာဖြင့် အမျိုးသားလုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ရှေ့ရှု၍ ဆောင်ရွက်သွားရန်၊ မြန်မာ့ပထဝီနိုင်ငံရေးတွင် ရခိုင်ပြည်နယ်၏ အရေးပါမှု အခြေအနေ များနှင့် နိုင်ငံတော်ကဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရေး ပူးပေါင်း ဆောင်ရွက်ကြရန် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ 

 ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးက မိတ်ဆက် အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသည့် လူမှုရေးအသင်းအဖွဲ့များက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပါသည်။ 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ရခိုင်လူမှုရေး အသင်းအဖွဲ့များအား ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြဌာန်းခဲ့သည့် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်အညီ မှတ်ပုံတင်နိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ရာ လူမှုရေးအသင်းအဖွဲ့များမှ သိရှိလိုသည်များ နှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အချက်များအား ပြန်လည်ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကာ အခမ်းအနားကို ညနေ(၁၆:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image