တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ရိုးရာအိမ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအား ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးခြင်း အောက်တိုဘာလ (၂၆)ရက်၊ ရန်ကုန်
၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂၆)ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တို့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများအား တာဝန်ခံအရာရှိ ဦးစန်းလှိုင်(ဒုတိယညွှန်ကြားရေးမှူး)မှ ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးမှ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်း ဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းအား စနစ်တကျစီမံဆောင်ရွက်ရန် (ပလပ်စတစ် အမှိုက်များ ကွင်းအတွင်း လုံးဝမရှိအောင်ဆောင်ရွက်ရန်) ကွန်ကရစ်လမ်းများ အက်ကွဲကြောင်းများ မရှိစေရေးဆောင်ရွက်ထားရန်၊ ရုံးအဆောက်အဦများအားဆေးသုတ်ထားရန်၊ ကပွဲခန်းမနှင့် အစည်း အဝေးခန်မအား နိုင်ငံတော်အဆင့်မီပြုပြင်ဆောင်ရွက်ထားရန်၊ ဆိပ်ခံဗောတံတားတည်ဆောက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်း၊ နန်းမြင့်မျှော်စင်မျက်နှာကျက်များ ပြုပြင်ဆောင်ရွက်ရန်၊ နန်းမြင့်မျှော်စင်ဆေးသုတ်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရေးဆောင်ရွက်ရန်၊ ပြည်ထောင်စုတိုင်းရင်း သားကျေးရွာသို့ အဝင်စည်ပင်အဝင်လမ်းပလက်ဖောင်းကပ်တုံးများအား ဖြူနီကြားဆေးသုတ်ရန် အတွက် ဆောင်ရွက်ထားရှိရန်၊ ကျေးရွာအဝင်စည်ပင်လမ်းနံဘေးရှိဈေးဆိုင်များ၊ အငှားယာဉ်နှင့် ဆိုင်ကယ်ဘေးတွဲများ ရပ်နားမှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။