သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ် ရန်ကုန်၊ အောက်တိုဘာ ၂၃
ရန်ကုန် 2023-10-27
Image

       တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် “သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၂၃-၁၀-၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန် တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကျီးပင်ဆိပ်ကျေးရွာ၊ မူလတန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ  ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်စန်းထွေးက အသေးစားစက်မှုလက်မှုဦးစီးဌာနအကြောင်း၊ အသေးစားစက်မှုနှင့် လက်မှုတို့၏ အဓိပ္ပါယ်၊ အသေးစားစက်မှုနှင့်အသေးစားလက်မှုလုပ်ငန်းအကြောင်း၊ သင်တန်း ဖွင့်လှစ်ပေးမှု အခြေအနေနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းတွင် သင်ကြားပေးမည့် အကြောင်းအရာများနှင့် အမျိုးအစားတို့ကိုလည်းကောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူများ၊ သင်တန်းတက်‌ရောက်မည့် သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းအမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ပါသည်။ 

စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို (၂၃-၁၀-၂၀၂၃) ရက်နေ့မှ (၂၇-၁၀-၂၀၂၃) ရက်နေ့အထိ (၅) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၀) ဦးတို့က တက်ရောက်သင်ကြားသွားမည်ဖြစ်ပါသည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ 


Image
Image
Image
Image
Image
Image
Image