တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်တွင် ဆွမ်းကပ်လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက် ရန်ကုန် အောက်တိုဘာလ ၂၅
ရန်ကုန် 2023-10-25
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)တွင် သံဃာတော်(၄၁၇)ပါးအား ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့ ၊ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊  သီတင်းကျွတ်လဆန်း (၁၁)ရက်နေ့ ယနေ့ နံနက် (၁၀:၀၀)နာရီတွင် ရန်ကုန်မြို့ရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် မိသားစုဝင်များ၊  တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တာဝန်ခံ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ တာဝန်ခံ ဦးစန်းလှိုင်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားသို့ ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်ပြီး ဦးစွာ နမောတဿ(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကာ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)မှ ဒုတိယပါ‌မောက္ခချုပ်(သင်/ကြား) ဒေါက်တာ ဘဒ္ဒန္တဇောတိက က ငါးပါးသီလခံယူပြီး တရားတော်များ ရွတ်ပွားသရဇ္စျယ်တော်မူကြရာ ဒုတိယ ဝန်ကြီးနှင့်မိသားစုနှင့် ဧည့်ပရိတ်သတ်များက နာယူကြည်ညိုကြပါသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် မိသားစုဝင်များ၊ တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆပ်ကပ်လှူဒါန်းကြပြီး ကောင်းမှုကုသိုလ်များအတွက် ရေစက်သွန်းချ အမျှပေးဝေခြင်းနှင့် သာဓုအနုမောဒနာခေါ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)မှ သံဃာတော် (၄၁၇)ပါးအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ပိဋကတ်စာကြည့်တိုက်တွင် ရခိုင်သမိုင်းစာအုပ် (၆)မျိုး (၂)စုံနှင့် ဝန်ကြီးဌာနမှထုတ်ဝေလျက်ရှိသည့် ပြည်ထောင်စုတိုင်းရင်းသားမဂ္ဂဇင်းစာအုပ် (၁၀)အုပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image