တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း” အစီအစဉ်ကို ၁၂-၁၀-၂၀၂၃ ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးတက္ကသိုလ်၊ ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဟားခါးတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်း ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်လွင်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများ အကြောင်းကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီနိုင်က ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာအကြောင်းအရာများကိုလည်းကောင်း၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ပြည်နယ်ဦးစီးမှူးဦးဟုန်းကီးကအလုပ်သမားရေးရာကိစ္စရပ်များကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလှမိုးနိုင်က စားသုံးသူရေးရာကိစ္စရပ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်သန်းဝင်းက မှုခင်းကျဆင်းရေးအကြောင်းအရာများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဟားခါးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေကြသော ဆရာ/ဆရာမများ၊ စီမံရေးရာဝန်ထမ်းများ၊ တိုင်းရင်းသားဒေသများမှ လာရောက်ပညာသင်ယူနေသော တိုင်းရင်းသားကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရှိရပါသည်။