“တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အစီအစဉ်ကို ကချင်ပြည်နယ်တွင် ကျင်းပပြုလုပ် မြစ်ကြီးနား၊ အောက်တိုဘာ ၁၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ 2023-10-19
Image

      တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အစီအစဉ်ကို ၁၇-၁၀-၂၀၂၃ ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်၊    မန်ခိန်ရပ်ကွက်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင်  ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဉီးစီးဌာန၊ကချင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှညွှန်ကြားရေးမှူးဦးရန်နိုင်လွင်ကဝန်ကြီးဌာနအကြောင်းမိတ်ဆက်ခြင်းနှင့်နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က တက်ရောက်လာသည့် တိုင်းရင်းသားမျိုးနွယ်စုများအား Skynet စက်တစ်စုံစီ အားလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဉီးစီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးရန်နိုင်လွင်က  တိုင်းရင်း သားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများ(ဂျိန်းဖော့နှင့်ရဝမ်) ဘာသာပြန်စာအုပ် (၁၀၀) အုပ်စီတို့အားလည်းကောင်း ပေးအပ်ခဲ့ပါသည်။

       ဆက်လက်၍  လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းအောင်က အမျိုးသမီးအခွင့် အရေး၊ မသန်စွမ်းအခွင့်အရေး၊ လူမှုရေးပင်စင်အကြောင်းအရာတို့ကိုလည်းကောင်း၊  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာလှိုင်လှိုင်ဌေးက ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာများကိုလည်းကောင်း၊  တိုင်းရင်း သား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိအေးက TA/LT ခန့်ထားရေးဆိုင်ရာ ကိစ္စရပ်များနှင့် လုပ်ငန်းဆောင်ရွက်နေမှုများအား လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊  လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးအောင်ကျော် က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊  ဦးစီးအရာရှိ ဒေါ်ရွယ်ဆိုင်းက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ အမုန်းစကားနှင့် အကြမ်းဖက်မှု ဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာကိစ္စရပ်များ၊ လူမျိုးပြုန်းတီးမှု တားဆီးရေးနှင့် ပြစ်ဒဏ် ပေးရေး နိုင်ငံတကာ သဘောတူစာချုပ်ပါ လိုက်နာဆောင်ရွက်ရန် အချက်များနှင့် စစ်တမ်းကောက်ယူခြင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

     ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ၊ ညွှန်ကြားရေးမှူးရုံးမှဝန်ထမ်းများက ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းစစ်တမ်းမေးခွန်းလွှာများကိုကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား(၇၅)ဦးတို့မှ ဖြေဆိုခဲ့ကြပါသည်။ အဆိုပါ အခမ်း အနားသို့ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ အသီးသီးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image