တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းရင်းသားပုံပြ၊ ပုံပြင်စာအုပ်များ ပေးအပ်ပွဲ အခမ်းအနားကျင်းပ မကွေးတိုင်းဒေသကြီး၊ အောက်တိုဘာလ ၅ရက်
မကွေးတိုင်းဒေသကြီး 2023-10-11
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ မကွေးတိုင်းဒေသကြီးအတွင်းရှိအရှိုချင်းနှင့်ဥပ်ပူးချင်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များသို့တိုင်းရင်းသားပုံပြ၊ပုံပြင်စာအုပ်များပေးအပ်ပွဲအခမ်းအနားကို ၂၀၂၃ခုနှစ်၊ အောက်တို ဘာလ ၅ရက်နေ့ နံနက်ပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးထွန်းခင်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး တာဝန်ခံ ဒုတိယညွှန်ကြာရေးမှူး ဒေါ်ရီရီဝင်းက တိုင်းရင်းသားပုံပြ၊ ပုံပြင် စာအုပ်များပေးအပ်ရခြင်းရည်ရွယ်ချက်များ၊ တိုင်းရင်းသားလူမျိုးများဟူသော အဓိပ္ပါယ်၊ တိုင်းရင်းသားရေးရာဟူသော အဓိပ္ပါယ်များ၊ တိုင်းရင်းသားဘာသာစာပေသင် Teaching Assistant (TA)နှင့် Language Teacher (LT)ဆရာ၊ ဆရာမများ လျှောက်လွှာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ဌာနလုပ်ဆောင်ချက်များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များမှ အသင်းအဖွဲ့မှတ်ပုံတင်သက်တမ်းတိုးခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်း ပြောကြားခဲ့ကြပြီး တိုင်းရင်းသားပုံပြ၊ ပုံပြင်စာအုပ်များကို သက်ဆိုင်ရာစာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များသို့ပေးအပ်ခဲ့ပါသည်။ 

ထို့နောက် မင်းတုန်းမြို့နယ် အရှိုချင်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ ဥက္ကဋ္ဌမှ အဖွဲ့များကိုယ်စား ကျေးဇူးတင်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြ ပါသည်။ 

အဆိုပါ တိုင်းရင်းသားပုံပြ၊ ပုံပြင်စာအုပ်ပေးအပ်ပွဲတွင် အရှိုချင်းနှင့် ဥပ်ပူးချင်း ပုံပြ၊ ပုံပြင် စာအုပ် စုစုပေါင်း (၂၈၄၁)အုပ်ကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Image
Image
Image
Image
Image
Image
Image
Image