ဝိုင်းမော်မြို့နယ်၌ ကျောင်းပေါင်းစုံ စာစီစာကုံး၊ ပန်းချီ၊ ကျပန်း စကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကျင်းပ ဝိုင်းမော် စက်တင်ဘာ ၂၃
ကချင်၊ ဝိုင်းမော်မြို့ 2023-10-11
Image

       ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝိုင်းမော်မြို့နယ်ရဲတပ်ဖွဲ့၊ ကချင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအသင်း၊ ဝိုင်းမော်မြို့နယ်ရှိ အခြေခံပညာကျောင်းများနှင့် ပူးပေါင်း၍ ကျောင်းပေါင်းစုံ စာစီစာကုံး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

ရှေးဦးစွာ ကချင်ပြည်နယ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ ဒေါ်အိအိအေးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်။ ဆက်လက်ပြီးစာရေးဆရာအကြီးကိုကို(ကသာ)က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့် ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခဲ့မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲအားဆက်လက်ကျင်းပရာ ဝိုင်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၆)ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၈)ဦးတို့က ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါသည်။ အဲ့ဒီနောက် ကျောင်းပေါင်းစုံစာစီစာကုံး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲများ တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပါသည်။

ယင်းနောက် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲဝင်များ၌ ရေးသားပုံဖော်ထားသည့် လက်ရာများအား နံရံကပ်ပြဘုတ်တွင် ပြသထားရှိမှုများအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။ 


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image