ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာ၊ ဗဟုသုတနှင့် ဗလငါးတန်ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းအသင်းတို့ ပူးပေါင်း၍ မြစ်ကြီးနားမြို့၊ အခြေခံပညာအထက်တန်း ကျောင်း (စီတာပူ)၌ ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂၇ ရက် နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ကချင်ပြည်နယ်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဒုတိယပြည်နယ် ဦးစီးမှူး ဦးခင်မောင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဌာနမှူး ဦးကျော်ထက်က လူငယ်ရေးရာအသိပညာပေး ဟောပြောကာ ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း၊ ဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို(ကသာ)က လူငယ်နှင့် ကိုယ်ကျင့်တရား ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ကြပါသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းခဲ့ကြရာ စာရေးဆရာ အကြီးကိုကို(ကသာ)နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြား ပေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဌာနမှူး ဦးကျော်ထက်နှင့် ကချင် ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းအသင်း၊ ဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို(ကသာ) တို့က ကျောင်းစာကြည့်တိုက်အတွက် သုတရသစာအုပ်များ လှူဒါန်းပေးအပ်ခဲ့ကြပါသည်။
အဆိုပါဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်း (စီတာပူ)မှ ကျောင်းအုပ်ဆရာမ ကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။