အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဆင်းပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ကျင်းပပြုလုပ် ဧရာဝတီ ၊ စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ 2023-10-05
Image

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)တို့ ပူးပေါင်းဖွင့်လှစ်သည့် “အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဆင်းပွဲအခမ်းအနား”ကို (၂၉-၉-၂၀၂၃)ရက်နေ့ ညနေပိုင်း တွင် ပုသိမ်မြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ ဧရာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်း အနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ အစိုးရ နည်းပညာအထက်တန်းကျောင်း(ပုသိမ်)မှ ကျောင်းအုပ်ဆရာကြီး ဦးအေးမင်းထွန်း၊ ဧရာဝတီတိုင်း ဒေသကြီး ညွှန်ကြားရေးမှူးရုံးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်း၊ ပုသိမ်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  သက်ဆိုင်ရာဝန်ထမ်းများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ ကြပါသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ် က အဖွင့်အမှာစကားကိုလည်းကောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးအေးမင်းထွန်းက သင်တန်းဆင်း အမှာ စကားကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဧရာဝတီတိုင်း ဒေသကြီးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက သင်တန်းဖွင့်လှစ်ဆောင်ရွက်ပြီးစီးမှု အခြေအနေကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်းတွင် ထူးချွန်ဆု(ပထမ၊ ဒုတိယ၊ တတိယ)ရရှိသူ သင်တန်းသားများအား ဆုချီးမြှင့်ခြင်း၊ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း၊ သင်တန်းနည်းပြ ဆရာ/ ဆရာမများအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း အစီအစဉ်များကို ဆောင်ရွက်ခဲ့ပြီး   သင်တန်းသား တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ/ဆရာမများ၊ သင်တန်းသားများ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ 

“အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း”ကို (၁၁-၉-၂၀၂၃)ရက်နေ့မှ (၂၉-၉-၂၀၂၃) ရက်နေ့အထိ (၁၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသား(၂၂)ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရှိရပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image