တိုင်းရင်သားပုံပြပုံပြင်စာအုပ်များပေးအပ်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပ ဧရာဝတီ၊ စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ 2023-09-27
Image

တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၏ တိုင်းဒေသကြီးအတွင်းရှိ ကရင်၊ ရခိုင်နှင့် ချင်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများထံသို့ တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောလင်းခယ်နှင့်အတူ တိုင်းဒေသကြီးအတွင်းရှိ ကရင်၊ ရခိုင်နှင့်ချင်းတိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုအသင်းကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးရုံးရှိ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိ ဒေါ်အေးကျော့ရီက တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များ ဖြန့်ဝေပေးရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသား ပုံပြပုံပြင်စာအုပ်များကို သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများထံသို့ ပေးအပ် ခဲ့ပြီး တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများကိုယ်စား ကရင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။ အဆိုပါ တိုင်းရင်းသားပုံပြပုံပြင် စာအုပ်ပေးအပ်ပွဲတွင် ပိုးကရင်၊ စကောကရင်၊ ရခိုင်နှင့် အရှိုချင်း ပုံပြပုံပြင်စာအုပ်စုစုပေါင်း (၂၄၇၁၄)အုပ်ကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Image
Image
Image
Image
Image
Image
Image
Image