ရခိုင်ပြည်နယ် စစ်တွေမြို့၊ ဉဿလင်းဘုန်းတော်ကြီးကျောင်းတွင် ယာယီခိုလှုံနေသည့် ပလက်ဝမြို့နယ်မှ တိုက်ပွဲရှောင် အမျိုးသမီးများအတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူး ရုံးက ဦးဆောင်၍ “ မြန်မာမုန့်အမျိုးမျိုးနှင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကို (၂၁-၉-၂၀၂၃) ရက်နေ့နံနက်(၈:၃၀)နာရီအချိန်တွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ရခိုင်ပြည် နယ်၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက အဖွင့်အမှာစကားပြောကြားခြင်း၊ ဉဿလင်းကျောင်းတိုက် ဆရာတော်က အဖွင့်ဩဝါဒ စကားမြွတ် ကြားခြင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်ဝင်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားခြင်း၊ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိန်းဦးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း ပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ သင်တန်းကို ဉဿလင်းဘုန်းတော်ကြီးကျောင်း၌ (၂၁-၉-၂၀၂၃) ရက်နေ့မှ (၂၆-၉-၂၀၂၃) ရက်နေ့အထိ (၆)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသူ (၁၇)ဦး က တက်ရောက် သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။