တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် ပြင်ဆင်ထိန်းသိမ်းလုပ်ငန်းများနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေး စက်တင်ဘာလ (၂၃)ရက်၊ ရန်ကုန်
ရန်ကုန် 2023-09-23
Image

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့မှ ရေပန်းအလှတပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ ကြည့်ရှု့စစ်ဆေးခြင်း၊ သမင်ခြံနေရာတွင် ဝင်္ကပါပတ်လမ်း၊ ဝါးရုံတောလျှောက်လမ်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးခြင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်းရှိ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများဖြစ်သည့် ရခိုင်ရိုးရာအိမ်၊ ဗမာရိုးရာအိမ်နှင့် ရိုးရာအိမ်များ အားလုံးတို့အား ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကြည့်ရှု့၍ ပြင်ဆင်ရန်လိုအပ်သည်များ လမ်းညွှန်မှာ ကြားခြင်း၊ ဆိပ်ခံဗောတံတားဆောင်ရွက်ပြီးစီးမှုအခြေအနေ များကြည့်ရှု့စစ်ဆေးခြင်း၊ ဂိတ်ဝင်ကြေးကောက်ခံ ရရှိမှုအခြေအနေအားကြည့်ရှု့စစ်ဆေးခြင်း၊ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)အတွင်းရှိ ဝန်ထမ်း များနှင့်တွေ့ဆုံ၍ ဝန်ထမ်းများအားလုံး ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းများနှင့်အညီ နေထိုင်ကြရန်၊ နိုင်ငံတော် ဘဏ္ဍာငွေသုံးစွဲမှုနှင့်ပက်သတ်၍ ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီသုံးစွဲကြရန်၊ ဝန်ထမ်းများအားလုံး စည်းစည်း လုံးလုံးဖြင့် လုပ်ငန်းတိုးတက်အောင်မြင်အောင် ဆောင်ရွက်ကြရန်၊ လျှပ်စစ်မီးများအားခြို့ခြံချွေတာ၍ သုံးစွဲကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image