လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွင် ကျင်းပပြုလုပ် ရန်ကုန်၊ စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး 2023-09-22
Image

   တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် “ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊ လက်သန့်ဆေးရည်လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား”ကို (၁၉-၉-၂၀၂၃) ရက်နေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဗျူးကျင်း ကျေးရွာ၊ ဘုရားကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

ပထမဦးစွာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနအကြောင်းမိတ်ဆက်ခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်း ဥပဒေများအကြောင်းတို့ကိုလည်းကောင်း၊ တိုင်းရင်းသား အချင်းချင်း အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ပေး ရခြင်း ရည်ရွယ်ချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ 

      ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းထွေးက အသေးစားစက်မှုလက်မှုဦးစီးဌာန၏ သင်တန်းဖွင့်လှစ်ပေးနေမှုအခြေအနေနှင့် သင်တန်းဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းတွင် သင်ကြားပေးမည့်အကြောင်းအရာများနှင့် အမျိုးအစား တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ရှင်းလင်းပြောကြားချက်များကို မှော်ဘီမြို့နယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး  ဦးစောဂျိုးဇက်မှ ကရင်ဘာသာစကားဖြင့် ပြန်လည်ပြောကြားခဲ့ပါသည်။

    အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို (၁၉-၉-၂၀၂၃) ရက်နေ့မှ (၂၃-၉-၂၀၂၃) ရက်နေ့အထိ (၅) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၂၀) ဦးတို့က တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ 


Image
Image
Image
Image
Image
Image
Image