တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)တို့ ပူးပေါင်းဖွင့်လှစ်သော “အခြေခံမော်တော် ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၁၁-၉-၂၀၂၃)ရက်နေ့ နံနက်(၈:၀၀)နာရီ အချိန်တွင် ပုသိမ်မြို့၊ အစိုးရနည်းပညာ အထက်တန် းကျောင်း၊ ဧရာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစီအစဉ်အရ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်ရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အစိုးရနည်းပညာအထက်တန်း ကျောင်း(ပုသိမ်)မှ ကျောင်းအုပ် ဆရာကြီး ဦးအေးမင်းထွန်းက သင်တန်းနှင့် စပ်လျဉ်း၍ အကဲဖြတ်စစ်ဆေးမှုအစီအစဉ်များ၊ သင်တန်းတွင် ထူးချွန်သူများအားဆုချီးမြှင့်ခြင်း အစီအစဉ်များနှင့် သင်တန်းတွင် ပို့ချမည့် အကြောင်းအရာများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းနှင့်ပတ်သက်သည့် အချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် အခမ်း အနားသို့ တက်ရောက်လာကြသူများ၊ သင်တန်းနည်းပြဆရာ/ဆရာမများနှင့် သင်တန်း သားများ စုပေါင်း၍ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။
အဆိုပါ “အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း”ကို (၁၁-၉-၂၀၂၃)ရက်နေ့မှ (၂၉-၉-၂၀၂၃)ရက်နေ့အထိ (၁၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား (၂၁) ဦးတို့က တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။