တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့်ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို ရှမ်းပြည်နယ်၊ ကျောက်တလုံးကြီး မြို့တွင်ကျင်းပ ရှမ်း၊ စက်တင်ဘာ ၈
တောင်ကြီး 2023-09-12
Image

 တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို ၈-၉-၂၀၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာအုပ်စု၊ မဲတိုင်ကျေးရွာဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်း က တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများပါ အချက်အလက်များ၊ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာမဟာဗျူဟာနှင့် အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့် အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခံရသော ကလေး အလုပ်သမားများ ဖယ်ရှားရေး ကိစ္စရပ်များနှင့် လူမှုရေးပင်စင်တို့နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ အကြောင်းတို့ကိုလည်းကောင်း၊ ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဇော်အောင်က တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT) များခန့်အပ်ထားမှုကိစ္စများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများအကြောင်းကိုလည်း ကောင်း၊ အမှတ်(၂၅)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးမျိုးမင်းလှိုင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာအန္တရာယ်တို့ကိုလည်းကောင်း၊ လူကုန်ကူးမှုတာဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တပ်ခွဲ စု(၁၅)တောင်ကြီးမှ ရဲအုပ် သန့်ဇော်ထွန်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များအကြောင်းကိုလည်းကောင်း၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို)မှ အတွင်းရေးမှူးခွန်ကျော်ခမ်းက အသိပညာပေးဟောပြောချက်များကို ဒေသခံပအိုဝ်းတိုင်းရင်းသားများအား ပအိုဝ်းတိုင်းရင်းသား ဘာသာစကားဖြင့် ပြန်လည်ရှင်းလင်း ပြောကြားခြင်းကိုလည်းကောင်း အသီးသီးအသိပညာပေး ရှင်းလင်း ပြောကြားခဲ့ကြပါသည်။

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာလိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောက်တလုံးကြီးမြို့ အတွင်းရှိ “ပအိုဝ်း”တိုင်းရင်းသား စုစုပေါင်း (၁၄၀) ဦးတို့က စစ်တမ်းမေးခွန်းလွှာများကို  ဖြေဆိုခဲ့ကြ ကြောင်း သိရှိရပါသည်။ 


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image