နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကျင်းပဆောင်ရွက်ခြင်း
ရုံးအမှတ် (၁၄)၊ နေပြည်တော် 2023-09-12
Image

     နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃) ကို (၁၁-၉-၂၀၂၃) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဆပ်ကော်မတီဝင် ဦးစီးဌာနများဖြစ်သည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အစည်း အဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ၏ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့မှု အဆင့်ဆင့်နှင့် နယ်စပ်ဒေသ နှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်း ဆောင်ရွက်ခဲ့မှု အဆင့်ဆင့်ကိုလည်းကောင်း၊ လုပ်ငန်းကော်မတီလက်အောက်ရှိ ဆပ်ကော်မတီ (၇) ခုဖွဲ့စည်းထားရှိမှု၊ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ် ကော်မတီ၏ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ တက်ရောက်လာသည့် ဆပ်ကော်မတီဝင် ဦးစီးဌာနများမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းစီမံကိန်းများ ဆွေးနွေးတင်ပြ ခဲ့ကြပါသည်။ တင်ပြဆွေးနွေးချက်များအပေါ် သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တက်ရောက် လာသူများက အကြံပြုဆွေးနွေးကြပါသည်။ ထို့နောက် အစီအစဉ်အရ သာသနာရေးနှင့်ယဉ်ကျေး မှု ဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်း အဝေးကို ရုတ်သိမ်းခဲ့ပါသည်။


Image
Image
Image