ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးဝန်ထမ်းမိသားစုများ၏ ဒုတိယအကြိမ်ဝါဆိုသင်္ကန်းဆပ်ကပ် လှူဒါန်းပွဲ အခမ်းအနားကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည် နယ်ညွှန်ကြား ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ၂၃-၈-၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဧည့်ပရိသတ်များက တောင်ကြီးမြို့၊ ဘုရားကိုးဆူကျောင်းတိုက် ဆရာတော်အမှူးပြုသည့် ပင့်သံဃာ (၅) ပါးထံမှ ငါးပါး သီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်နာယူခြင်း၊ ဆရာတော်သံဃာတော်များထံ ဝါဆို သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
ဆက်လက်၍ ဝန်ကြီးနှင့် ဧည့်ပရိသတ်များက ဆရာတော်သံဃာတော်များထံမှ ရေစက်ချ အနုမောဒနာတရားများနာယူကာ ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေး ဝေခဲ့ကြပြီးနောက် ဆရာတော်သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါ သည်။